Thoughts Rule The World

Thursday, January 10, 2008

ရင်ခုန်သံဧ။်စေညွန်းရာ


တကယ်ပါ । . .
သူ ဖန်ဆင်းတဲ့ ချစ်ခြင်းမှာ
အပြစ်ကင်းစွာ သန့်ရှင်း စင်ကြယ်
ခင်တွယ်မြတ်နိုး ငါ တန်ဖိုးထားပါ၏ ။ ။

သူ ဖန်ဆင်းတဲ့ ချစ်ခြင်း . . .
ပြင်းရှခါးသက် ရက်စက်လွန်းစွာ
ရင်မှာဝေသနာ ဒဏ်ရာတွေသာ ဖြစ်ခဲ့ရင်လည်း
ခင်တွယ်မြတ်နိုး ငါ တန်ဖိုးထားပါ့မယ် ။ ။



ဘယ်သူပေးသွားတာလဲ . . .
ငါ့ ညတွေထဲ မခေါ်ဘဲ ရောက်ရောက်လာတဲ့
အိပ်မက်တွေ လေပြေတွေလို နူးညံ့ခဲ့
မနက်လင်းမယ့် အချိန်ကိုတောင် တွေးကြောက်မိပါရဲ့ ။ ။

တစ်ခါ တစ်ခါ လမင်းပျောက်ဆုံး
တစ်လောကလုံး အမှောင်ဖုံးလို့
ကြယ်စင်တွေ ငိုခြင်းချ
ငါ့ညတွေလည်း အေးစက်
ဘယ်သူ အဆိပ်ခပ်သွားတာလဲ . . .
အိပ်မက်တွေထဲ ရောက်ယက်ခက်
သွေးပျက်မတက် ခြောက်လှန့်နေရင်တောင်မှ
ငါ မနိုးထချင်ခဲ့ပါဘူး ။ ။


ငါ အရူးအမူး ချစ်တတ်သွားခဲ့တယ်
တစ်သက်မှာ တစ်ခါ ချစ်ဖူးတဲ့
အချစ်ရူးတစ်ယောက်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်......
မင်းအတွက်ဆိုရင် အရာရာကို
ပေးဆပ်ဖို့ ငါ ၀န်မလေးတော့ပါဘူး . . . . . . . ။

No comments: