Thoughts Rule The World

Sunday, January 13, 2008

သိစရာ၊တွေးစရာ(၁)




အလုပ်များများ လုပ်နေရုံနဲ့  ဂုဏ်ယူစရာမဖြစ်ဘူး၊လုပ်သင့်တာကို လုပ်နေမှ ဂုဏ်ယူစရာဖြစ်တယ်၊ ဘ၀ရဲ့ အရည်သွေးမြင့်မားဖို့အရေးအကြီးဆုံးအချက်က အလုပ်တွေများများလုပ်တာမဟုတ်ဘူး...အရေးအကြီးဆုံးအချက်က မှန်ကန်တဲ့အလုပ်၊လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အရည်အသွေးမြင့်မားတဲ့ အလုပ်တွေကိုလုပ်ဖို့ ပါ။ လုပ်သင့်တာကိုမလုပ်ဘဲ အလုပ်များများလုပ်နေရုံနဲ့ ဘာထူးမှာလဲ...
တစ်ခါတစ်လေမှာ လုပ်သင့်တာကိုလုပ်ရင်းနဲ့ လည်း အခက်အခဲတွေကိုကြုံလာနိုင်တယ်။ ဒါပေမယ့် အကြီးမားဆုံး ဆုံးရှံးမှုနဲ့ တွေ့ တော့မှဘဲ အနက်နဲဆုံးအသိဥာဏ်ကို ရတတ်တယ်...ဆုံးရှံးမှုတွေကိုလက်ခံနိုင်တာဟာအောင်မြင်မှလမ်းစပဲပေါ့...ဒါကြောင့် အခက်အခဲတွေနဲ့  တွေ့ တဲ့အခါ မှာ ကံဆိုးလေခြင်းလို့  မတွေးပါနဲ့ ။ ဘာသင်ခန်းစာယူရမလဲ လို့ တွေးပါ.............ဘာလို့ လဲဆိုတော့ လကွယ်ညမရှိရင် လပြည့်ညဟာ ပျော်စရာကောင်းမှာမဟုတ်လို့  ပေါ့......ဟုတ်တယ်ဟုတ်........



No comments: